ကချင်ပြည်နယ် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကရာတေးပြိုင်ပွဲနှင့် တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်ကိုယ်စားပြု အားကစားအသင်းများအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများပေးအပ်

မြစ်ကြီးနား ဇူလိုင် ၉

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကရာတေးပြိုင်ပွဲနှင့် တိုက်ကွမ်ဒိုပြိုင်ပွဲများတွင် သွားရောက်ပါဝင်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်အားကစားအသင်းများအား ကချင် ပြည်နယ်အစိုးရအဖွဲ့က အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်ပွဲကို ဇူလိုင်လ ၇ ရက်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ဗမာတိုင်း ရင်းသားရေးရာဝန်ကြီး ဦးစိုးသိန်း၊ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမယစ်ယောရှုတို့နှင့် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ပြည်နယ်ကိုယ်စားပြုလက်ရွေးစင်အသင်း နည်းပြ၊ အုပ်ချုပ်သူနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက ပြိုင်ပွဲ ဝင်အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ် အစစ်အမှန်၊ တစ်ဦးကို တစ်ဦးလေးစားမှု၊ စည်းကမ်းပြည့်ဝမှု၊ ရှုံးနိမ့်မှုကို ခံနိုင်ရည်ရှိပြီး အောင်မြင်မှုကို ရိုးသားစွာရယူပြီး ပြည်နယ်၏ သားကောင်း များပီသစွာ ပြည်နယ်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားသည်။

ထို့နောက် တိုက်ကွမ်ဒိုနှင့် ကရာတေးနည်းပြများက ပြိုင်ပွဲအတွက် ကြိုတင်စခန်းသွင်းလေ့ကျင့် ပြင်ဆင်ခဲ့မှု အခြေအနေများနှင့် အောင်မြင်မှုရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေ မျာကို ကတိပြုပြောကြားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက အားကစားအသင်းများအတွက် အောင်နိုင်ရေး အလံနှင့် ကရားတေးအားကစားအဖွဲ့၊ တိုက်ကွမ်ဒိုအားကစားအဖွဲ့များကို ချီးမြှင့်ပေးအပ်ရာ အုပ်ချုပ်သူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)