သထုံ ဇန်နဝါရီ ၁၇
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းကာ သထုံမြို့၊ သုဝဏ္ဏဈေး၌ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဇာတ်တိုက် လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးသတ်ဦးစီးဌာနမှူး ဦးရဲညွန့်ထွေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုယုဇော်နှင့် တာဝန်ရှိသူများက မီးလောင်မှုဖြစ်ပွားရာ၌ ကနဦး ဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဗူးအသုံးပြုနည်းများ၊ လက်တွေ့မီးငြိမ်းသတ်ခြင်းနှင့် မီးလောင်မှု ဖြစ်ပွားပြီး ရှာဖွေကယ်ဆယ်ခြင်းကဏ္ဍတို့ကို ဈေးသူဈေးသားများ၊ သန္ဓေနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်တို့ဖြင့် သရုပ်ပြသ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဈေးသူ၊ ဈေးသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)