ဝေါ ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အ-ထ-က (ခွဲ) အထက်ပန်းညိုကျောင်း၌ ဝေါမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ယနေ့မွန်းလွဲ (၂)နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရိန်က ကျောင်းသား၊ကျောင်းသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သတ်၍ မီးအခြေခံသဘောသဘာဝ၊ မီးအတန်း အစားခွဲခြားခြင်း၊ မီးငြှိမ်းသတ်ရေးကိရိယာအသုံးပြုခြင်းတို့အား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရိန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ကျောင်းသူများနှင့်အတူ မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)