ခမောက်ကြီး ဇူလိုင် ၉
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင်ကျေးလက်ကျန်းမာရေးဌာနခွဲ၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများပူးပေါင်း၍ခမောက်ကြီးမြို့ အခြေခံပညာအလယ်တန်းကျောင်း(ယုဇန)ရှိ ကျောင်းသား၊ကျောင်းသူများအား တစ်ကိုယ်ရည်သန့်ရှင်းမှုကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်သည်။
အဆိုပါကျန်းမာရေးစစ်ဆေးခြင်းကို ကျေးလက်ကျန်းမာရေးဌာနခွဲ ဘက်စုံသားဖွားဆရာမဒေါ်ခိုင်ယမင်းပွင့်မှ (KG)တန်း ကျောင်းသားကျောင်းသူများအား အရပ်တိုင်းပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ သွား၊ မျက်လုံး၊ နား၊ နှာခေါင်း၊ လည်ပင်းစသည့် တစ်ကိုယ်ရည်သန့်ရှင်းမှုကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)