ပိုင်ကျုံမြို့ အ.မ.ကဘုရားကုန်း(၁)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ပိုင်ကျုံ ဇန်နဝါရီ ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ အ.မ.က ဘုရားကုန်း(၁)ကျောင်း၌ ၂၀၂-၂၀၂ပညာသင်နှစ်၊ ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ဇန်နဝါရီလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ကျောင်းသား/သူများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး လှိုင်းဘွဲမြို့နယ် ဒု-မြို့နယ်ပညာရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍  အ.ထ.က ပိုင်ကျုံကျောင်းအုပ်ဆရာမကြီးက ပညာရေးသည် အောက်ခြေဖောင်ဒေးရှင်း ခိုင်မှသာ အလယ်တန်းအထက်တန်း ပညာကိုအဆင်ပြေစွာ ဆက်လက်သင်ယူနိုင်မည်ဖြစ် ကြောင်းမိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိကိုယ်တိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပညာရေးကဏ္ဍတွင် မိဘ/ဆရာ/ကျောင်းသားများ လက်တွဲညီညီဖြင့်ဆောင်ရွက်ရန်   လိုအပ် ကြောင်းကိုရှင်းလင်းပြောကြားပြီး၊ အငြိမ်းစား ကျောင်းဆရာ ဦးစောမြတ်စိန်က ကျောင်း တော်ကြီး သန့်ရှင်းသာယာလှပရေးအတွက် မိုးဦးရာသီကာလတွင် အရိပ်ရအပင်များ စိုက်ပျိုးကြရန်လိုအပ်ကြောင်း ကျောင်းသားမိဘမျာအနေဖြင့် မိမိကလေးများကို ပညာရေး ဆုံးခန်းတိုင်အောင် ပညာသင်ယူနိုင်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ကျောင်းသားလူငယ်များ ကျောင်းနေပျော်ပြီး စာတော်သော လူများဖြစ်ရန်လိုကြောင်းကို အကြံပေး စကားပြောကြားခဲ့သည်

ဆက်လက်၍ ၂၀၂-၂၀၂ ပညာသင်နှစ်တွင် ဆုရကျောင်းသား/သူများနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုအောင်မြင်သည့် ကျောင်းသား/သူများအား တာဝန်ရှိသူ များတို့မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အ.မ.ကဘုရားကုန်း(၁)ကျောင်းမှ ဆရာ/မ တို့အား  ဂုဏ်ပြုလက်ဆောင် များ ပေးအပ်ခဲ့ကြောင်း သိရသည် ။

ထို့နောက်အ.မ.ကဘုရားကုန်း(၁)ကျောင်းမှ ကျောင်းသား/သူလေးများက အခမ်းအနားတွင် တက်ရောက်လာကြသည့် တာဝန်ရှိသူများကို သရုပ်ဖော်တေးသီချင်းများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)