ကျိုက်လတ်၌ Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အသိပေးဆွေးနွေးပွဲနှင့်လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

ကျိုက်လတ် ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းဆွေးနွေးပွဲနှင့် လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်က Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမည့် နည်းလမ်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်က‌လေး စောင့်ရှောက်‌ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျို့သမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကာ ဇန်နဝါရီ ၂၀ ရက်နေ့မှစတင်ပြီး ဇန်နဝါရီ ၂၆ ရက်နေ့အထိ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လှိုင်မင်းအောင်