တန့်ယန်း ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရေလည်ကျောင်းတိုက်၏ ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တ နန္ဒသာမိ၏ (၇၁) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာနှင့် ကံထပ်မင်္ဂလာ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက အမှတ်(၅)ရပ်ကွက်ရှိ ရေလည်ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ဆရာတော်ကြီးများနှင့် ဧည့်ပရိသတ်အပေါင်းက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော် သာသနဓဇဓမ္မာစရိယ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကောလိယ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ စေတနာရှင် အလှူရှင်များတို့က လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)