မိုင်းခုတ် ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်နှင့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကိုယနေ့ နံနက် ၉ နာရီခွဲက မိုင်းခုတ်မြို့ရှိ အခြေခံပညာမူလတန်းကျောင်း(ဝမ်ကတ်)သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုစေရေး စာကြည့်တိုက်သို့ ဝင်/ထွက်လာရေး၊ စာပေများကိုစိတ်ပါဝင်စားမှုများရှိလာစေရန်အတွက် ပုံပြင်များဖတ်ပြခြင်း၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းနှင့် ယနေ့လူငယ်များအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်အမွေကို ဆက်လက်ခံယူသင့်ကြောင်း စသည်တို့ကို ပြောကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်နှင့်ကဗျာများ၊ အခြားအသိပညာပေးစာအုပ်များပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ပေးကာ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)