ကျွန်းစုမြို့နယ်အတွင်းရှိ ‌ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ ဆေးကုသပေးလျက်ရှိ

ကျွန်းစု ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ကျွန်းရတနာခန်းမ၌ အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့တွင် ဒုတိယဗိုလ်မှူးကြီးခွန်ဇော် ဦးဆောင်သော ပါရဂူများ၊ ခွဲစိတ်ကုဆရာဝန်များ၊ သူနာပြုများနှင့် တာဝန်ရှိသူများသည် ခွဲစိတ်ရောဂါ၊ သွားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ဆေးကုသမှုဆိုင်ရာရောဂါ၊ သွားရောဂါ၊ မျက်စိရောဂါနှင့် ဆေးရုံသင်္ဘော(သံလွင်)၌ အထွေထွေခွဲစိတ်၊ Ultrasound၊ ဓါတ်မှန်ရိုက်၊ ECG၊ မျက်စိခွဲစိတ်၊ အရိုးခွဲစိတ်၊ သားဖွားမီးယပ် ခွဲစိတ်၊ CT Scanရိုက်တို့အား အထူးကုပါရဂူ၊ခွဲစိတ်ဆရာဝန်များဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ လာရောက်ကုသမှုခံယူလျက်ရှိသော ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေးလျက်ရှိသည်။

အဆိုပါ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဇန်နဝါရီလ ၂၀ ရက်နေ့ မှ ၂၂ ရက်နေ့အထိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေးမည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)