စလင်း ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စလင်းမြို့မစျေးကြီးနှင့် ဆင်ဖြူကျွန်း မြို့မစည်ပင်သာယာစျေးကြီးတို့အား ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ စျေးများအတွင်းရှိ စျေးဆိုင်ခန်းများ မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ည(၆)နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ စျေးအတွင်းအပြင် လုံခြုံစိတ်ချမှုရှိစေရန်တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စျေးတာဝန်ခံများ လုံခြုံရေးဝန်ထမ်းများ စျေးကော်မတီဝင်များက စလင်းမြို့မစည်ပင်သာယာစျေးကြီးနှင့် ဆင်ဖြူကျွန်း မြို့မစည်ပင်သာယာစျေးကြီး အတွင်းရှိပြည်သူများ၏ စျေးဆိုင်ခန်းများနှင့် စျေးကြီးများ အပြင်ဖက်ရှိစျေးဆိုင်ခန်းများ မီးဘေးလုံခြုံရေးဆိုင်ရာများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ မီးဘေးကာကွယ်ရေးအတွက် ဒိုင်းရှင်းများ အမြင့်တင်ရေစုပ်စက်များအား ကြံ့ခိုင်မှု ရှိ/မရှိ တို့ကို ကြည့်ရှုစစ်ဆေးစမ်းသပ်မောင်းနှင်ခဲ့သည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စျေးကော်မတီအဖွဲ့ဝင်များ၊ စျေးတာဝန်ခံများမှ စျေးအတွင်းအပြင် မီးဘေးလုံခြုံမှုဆိုင်ရာများကို အထူးကြပ်မတ်၍ စလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စလင်းမြို့မစည်ပင်သာယာစျေးနှင့် ဆင်ဖြူကျွန်း စည်ပင်သာယာစျေး ကြီးအတွင်းအပြင်တို့ရှိ ပြည်သူများ၏ စျေးဆိုင်ခန်းများနှင့် ရောင်းချမည့်ကုန်ပစ္စည်းများ လေလွင့်ပျက်စည်းဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
(မောင်လွင်)စလင်း