ကလိန်အောင် ဇန်နဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနဆေးပေးခန်းရှိအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက (၆) ကြိမ်မြောက် COVID-19 ရောဂါကာကွယ် ဆေးထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနံပေးရာတွင် ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်ခင်သူဇာငြိမ်းနှင့် ကျန်းမာရေး ဆရာမများပါဝင်သောအဖွဲ့သည် မြို့ပေါ်ရပ်ကွက်နှင့် အနီးဝန်းကျင်ကျေးရွာများမှ အသက်(၁၈)နှစ်အထက်ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်း(၇၄)ဦးတို့အား (၆)ကြိမ်မြောက် COVID-19 ရောဂါ(Pfizer) ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့ (ပြန်/ဆက်)