ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကျင်းပ

ဒဂုံတောင် ဇန်နဝါရီ ၂၃

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဌာနဆိုင်ရာများ၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံပြီး ရရှိပြီးသားဗဟုသုတများ တိုးပွားရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်းများ၊ နယ်လှည့်စာကြည့်တိုက်၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၁)နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၄၆)ရပ်ကွက်၊ ပြည်‌ထောင်စုလမ်းရှိ  အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ  ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်း မူလတန်းပြဆရာဦးစိုးနိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းအေးက နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်နှင့် ကလေးငယ်များငယ်စဉ်ကတည်းက စာအုပ်စာ‌ပေများကို ချစ်မြတ်နိုးစွာဖတ်ရှုတတ်‌စေရန် သာဓကပြပုံပြင်အကြောင်းအရာများ ဟောပြောပြီး စာအုပ်ဖတ်ပြခြင်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရာ ကလေးငယ်များ အသိပညာဗဟုသုတရရှိစေသော စိတ်ဝင်စားဖွယ် သရုပ်ဖော်ရုပ်ပုံပါ ဖိုးအေးနှင့်မိတ်‌ဆွေစာရေးကိရိယာလေးများ ရုပ်ပြစာအုပ်ကို ဦးစီးအရာရှိဒေါ်သန်းသန်းအေး၊ စာကြည့်တိုက်လက်ထောက်-၃(အင်အားပြ) ဒေါ်စံပယ်ဦး၊ ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဦးကျော်စွာမိုး၊ အငယ်တန်းစာ‌ရေး ဒေါ်နှင်းနှင်း‌အေးရိပ်တို့ က  သရုပ်ဖော်ဖတ်ပြကြသည်။

ထို့နောက် စာအုပ်ပါအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူလေးများအား ဉာဏ်စမ်းမေးခွန်းများမေးမြန်းပြီး အကောင်းဆုံး‌ဖြေဆိုနိုင်သူ ကျောင်းသား၊‌‌ ကျောင်းသူ(၅)ဦးကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်များပေးအပ်သည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် ကလေးများအကြိုက် သရုပ်ဖော်ပုံများပါရှိသော ရုပ်ပြစာအုပ်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

နေမျိုးအောင်