ပေါင် ဇန်နဝါရီ ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စပါးသားတက်ဆင့်ပွားစိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးရေးသုတေသနဦးစီးဌာ(ရေဆင်း၊ နေပြည်တော်)နှင့် Zoom Meeting ဖြင့်ပြုလုပ်ရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံဌာနခွဲမှညွှန်ကြားရေးမှူး ဒေါက်တာပပဝင်းကအဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးသဘာဝအရင်းအမြစ်များလေ့လာရေးဌာနစု၊ သုတေသနအရာရှိဦးကျော်မြိုင်က စပါးသားတက်ဆင့်ပွားစိုက်ပျိုးနည်းပညာအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံဌာနခွဲ၊ ညွှန်ကြားရေးမှူးဒေါက်တာပပဝင်းနှင့် သုတေသနပညာရှင်များ၊ မွန်ပြည်နယ်ပေါင်မြို့နယ်ဦးစီးမှူးဦးကျော်စွာလှိုင်နှင့်ဝန်ထမ်းများ၊ ကတိုက်ဆည်ရေသောက်ကျေးရွာများဖြစ်သော ဖြူဘ၊ ရွာတန်းရှည်၊ ရင်းငြိမ်တောင်၊ ရင်းငြိမ်မြောက်၊ သဗြုချောင်၊ ထန်းပင်ချောင်လေး၊ ကျုံဟော်၊ သဲကုန်း၊ ပန်းကုန်းနှင့်ကတွန်ကျေးရွာတို့မှ တောင်သူ(၃၅)ဦးတက်ရောက်ခဲ့သည်။
မွန်မလေး (ပြန်/ဆက်)