မိုင်းခတ်မြို့၌ လူငယ်‌နှင့်အားကစားဆိုင်ရာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းခတ် ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်များ အားကစားဆိုင်ရာအသိပညာဖွံ့ဖြိုးရေးစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အ‌ခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မိုင်းခတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦး‌ကျော်‌ဌေးက နွေရာသီကျောင်းပိတ်ရက်တွင် ဖွင့်လှစ်မည့် အခြေခံအားကစားသင်တန်းများကို တက်ရောက်ကြရန်၊ ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့်အားကစား‌ဆိုင်ရာသိကောင်းစရာများနှင့် အခြေခံအားကစားနည်းများအကြောင်း၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလနှင့် မိတ္တဗလဖွံ့ဖြိုးရေးအကြောင်း အသိပညာ‌ပေးဟောပြောပြီး‌ ကျောင်းအတွက် အားကစားပစ္စည်းများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်နိုင်က လက်ခံရယူခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)