ပခုက္ကူ ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပခုက္ကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းကျန်းမာရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ဆရာမများ စုပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပခုက္ကူမြို့ပေါ်ရှိ အခြေခံပညာကျောင်း ၂၈ ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၇၂)ဦးတို့အား အာဟာရဖြည့်စွက်အစားအစာများ ကျွေးမွေးခြင်းလုပ်ငန်းကို ဇန်နဝါရီလနှင့် ဖော်ဖော်ဝါရီလအတွင်း သုံးကြိမ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)