ဇမ္ဗူသီရိမြို့နယ် သူနာပြုသင်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ်အ​ကြောင်း​ အသိပညာပေးဟောပြောခြင်းနှင့် အ​ရေး​ပေါ်အ​ခြေအ​နေတွင်​ ဘေးကင်းလွတ်​မြောက်ရာသို့ စနစ်တကျ ထွက်ခွာခြင်း ဇာတ်တိုက်​လေ့ကျင့်ခန်းများ ဆောင်ရွက်

ဇမ္ဗူသီရိ ဇန်နဝါရီ ၃၁

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သူနာပြုသင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ငလျင်ဘေးအန္တရာယ်အ​ကြောင်း​ အသိပညာပေးဟောပြောခြင်းနှင့် အ​ရေးပေါ်အ​ခြေအ​နေတွင်​ ဘေးကင်းလွတ်​မြောက်ရာသို့ စနစ်တကျထွက်ခွာခြင်း ဇာတ်တိုက်လေ့ကျင့်ခန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်ဘေးအန္တရာယ်အ​ကြောင်း​ အသိပညာပေးဟောပြောရာတွင် ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရာဇာမင်းမြတ်က ငလျင်ဘေးအန္တရာယ်ဖြင့် ရင်ဆိုင်ကြုံတွေ့လာရပါက ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်စေရန်၊ မိမိကိုယ်ကိုယ် မထိခိုက်အောင် ကာကွယ်တတ်စေရန်၊ ဘေးအန္တရာယ်အမျိုးအစားအလိုက် ကာကွယ်ရမည့်နည်းလမ်းများနှင့် အန္တရာယ်ရှိ အဆောက်အဦမှ ဘေးလွတ်ရာနေရာသို့ စနစ်တကျ ရှောင်တိမ်းတတ်စေရန် ရည်ရွယ်၍ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းကို လက်တွေ့ပြုလုပ်ရာ သူနာပြုသင်တန်းကျောင်းမှ သင်တန်းအုပ်ချုပ်သူ၊ သင်တန်းသား/သူ စုစု​ပေါင်း (၃၈၀)ဦး တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)