ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းဆောင်ရွက်

ဇလွန် ‌ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့မွန်းတည့် ၁၂ နာရီတွင် အ.မ.က တတောင်ကွေ့ကျောင်းရှိ  KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ (ဒုတိယအကြိမ်) ကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ (ဒုတိယအကြိမ်) ကျွေးမွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် အ.မ.က တတောင်ကွေ့ကျောင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာရွှေဝါမြင့်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ (ဒုတိယအကြိမ်)ကျွေးမွေးခြင်းကို ယနေ့တွင် အခြေခံပညာကျောင်းများ၌ တစ်ပြိုင်တည်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဝေယံ-ဇလွန် (ပြန်/ဆက်)