ပခုက္ကူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေး

ပခုက္ကူ ဖေဖော်ဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအား ဇန်နဝါရီလ ၃၁ ရက်နေ့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်းဆေးကို ပခုက္ကူခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပခုက္ကူမြို့ရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊မိသားစုဝင်များ၊ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆေးထိုးစုရပ် ၅ နေရာခွဲ၍ ထိုးနှံပေးလျက်ရှိရာ ၃၁ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဈေးကိုယ်စားလှယ်များ၊ မြို့သန့်ရှင်းရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး(Pfizer) ထပ်ဆောင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဆလိုင်းကိုကီး(CN-034)