ကော့မှူး ဖေဖော်ဝါရီ ၂
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေပြီး ထွက်ကုန်များအချိန်နှင့် တစ်ပြေးညီ ဈေးကွက်သို့ ရောက်ရှိစေရေးနှင့် ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဌာနမှတာဝန်ယူ ဆောင်ရွက်လျက်ရှိသော ထမ္မနိုင်-ကျွဲလူးအိုင်တံတား (၆၀)ပေတည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဒေါ်အေးအေးခိုင်မှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါကျေးရွာချင်းဆက် ထမ္မနိုင်-ကျွဲလူးအိုင်တံတား (၆၀)ပေ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကြောင့် ထမ္မနိုင်ကျေးရွာ၊ ကျွဲလူးအိုင်ကျေး ရွာ၊ ကိုးထောင်ကျေးရွာ၊ မျက်ဆံနီကျေးရွာအပါအဝင် ကျေးရွာ(၉)ရွာ၊ အိမ်ခြေ(၈၄၅)၊ လူဦးရေ (၃၅၉၂)ဦးတို့၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးတို့အတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ပြီး တံတားတည်ဆောက်နေမှုမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဒေါ်အေးအေးခိုင်ထံမှ သိရသည်။
ကျော်သူရ(ပြန်/ဆက်)