ပဲခူး ဖေဖော်ဝါရီ ၂
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ နှင့်ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/သူ (၂၅) ဦး၊ ကဗျာပြိုင်ပွဲတွင် အလယ်တန်း၊ မူလတန်းအဆင့်တို့မှ ကျောင်းသား/သူ (၃၀) ဦး၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်တို့မှ ကျောင်းသား/သူ (၃၅) ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/သူ (၂၀) ဦး၊ စုစုပေါင်းကျောင်းသား/ သူ (၁၁၀) ဦးတို့သည် ပြိုင်ပွဲအလိုက် ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ဖြေဆိုကြသည့် ကျောင်းသား/ သူများအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ မများမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)