နတ်မောက်မြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

နတ်မောက် ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)ရှိ အထက်တန်းပြဆရာမ ဒေါ်လှိုင်လှိုင်ဦးက ကျောင်းသား/ သူလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန်နှင့် လူငယ်များ၏ ရည်ရွယ်ချက်ရည်မှန်းချက်များ ထားရှိရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်လက်ကြံ့ခိုင်စေရေး အထူးအလေးထားဂရုပြုရန်၊ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်း၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ သမိုင်းဝင်ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားကိုယ်စားလှယ်များ လက်မှတ်ရေးထိုးနိုင်ခဲ့ သည့် အကြောင်းအရာများကို တက်ရောက်လာကြသည့် ကျောင်းသား/ သူများအား အသိပညာဗဟုသုတရရှိစေရန် ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက နံရံကပ်စာစောင်များကိုလည်း ပြသခဲ့ရာ ကျောင်းသား/ သူများက ဗဟုသုတရရှိစေရန် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

လှဝင်း