ဟိုပုံးမြို့နယ်၌ အဌမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလကစာမေးပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဟိုပုံး ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အဌမအကြိမ်မြောက် ပရိယတ္တိပါလကစာမေးပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်က ဖာလွိုင်ဗွေလွန်း ပရိယတ္တိစာသင်ကျောင်းတိုက်ရှိ ချမ်းသာပေးမှုအစုံ တရားထိုင်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပင့်သံဃာတော်အရှင်သူမြတ်အပေါင်းနှင့် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ (၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ပရိယတ္တိပါလကစာမေးပွဲတော်ကြီးဥက္ကဌ ဆရာတော်ထံက ဩဝါဒ ခံယူကြပါသည်။

ထို့နောက် တက်ရောက်လာကြသော ပင့်သံဃာတော် အရှင်သူမြတ်အပေါင်းနှင့် ဧည့်ပရိတ်သတ်များက အဌမအကြိမ်မြောက် ပရိယတ္တိပါလကစာမေးပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသီးသီး ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆိုပူဇော်ကာ အခမ်းအနားအား ပိတ်သိမ်းခဲ့ပါသည်။

အဆိုပါ အဌမအကြိမ်မြောက် ပရိယတ္တိပါလကစာမေးပွဲတော်ကြီးအား ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှ မတ်လ (၅) ရက်နေ့အထိ ရက်သတ္တတစ်ပတ်အကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)