သတင်းများ

မွန်ပြည်နယ်ဥပဒေချုပ်ရုံးတွင် ကျင်းပပြုလုပ်သည့် တရားမအမှုလိုက် လက်တွေ့ဘာသာရပ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား
Sep 30,2024
မွန်ပြည်နယ် တရားမအမှုလိုက်လက်တွေ့ဘာသာရပ်သင်တန်း အမှတ်စဉ်(၁/၂ဝ၂၄) ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ  ပြုလုပ်ခဲ့သည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် မထပ်၊ မကျန်၊ မှန်ကန်အောင် အင်တိုက်အားတိုက်ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်တိုက်တွန်း
Sep 30,2024
ကရင်ပြည်နယ်အတွင်း ရပ်ကွက်(၆၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၉၅)စု၊ ကောက်ကွက်ပေါင်း (၁၈၅၂)ကွက်ဖြင့် အောက်တိုဘာလ(၁)ရက်နေ့မှ(၁၅)ရက်နေ့ထိ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက် နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည့် ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ(၄/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးကသန်းခေါင် စာရင်းကောက်ယူရာတွင် မထပ်၊ မကျန်၊ မှန်ကန်အောင် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
မြဝတီမြို့ခရိုင်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Sep 30,2024
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရဲရင့်ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များအနေဖြင့် စာဖတ်ရှိန် ပိုမိုမြင့်မားတိုးတက်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးသည်။
ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော ရပ်ကွက်နှင့် ကျေးရွာများတွင် ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 30,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း စက်တင်ဘာ ၁၂ ရက်နေ့မှစတင်၍ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ အဆိုပါရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော ရပ်ကွက်၊ ကျေးရွာများရှိ ရေတွင်း၊ ရေကန်၊  လက်နှိပ်တုံကင်အစရှိသည့် သောက်သုံးရေအရင်းအမြစ်များအား ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းများကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမီမီခင်ဦးဆောင်၍ အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့များ( Rapid Response Team) နှင့် နှီးနွယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
မင်းလှမြို့၌ တိရစ္ဆာန်ကျန်းမာရေးလုပ်သား မွမ်းမံသင်တန်းဆင်းပွဲကျင်းပ
Sep 30,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် တိရစ္ဆာန်ကျန်းမာရေးလုပ်သား မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကလောချောင်း ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Sep 30,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့ ၁၂ ရက်နေ့အထိ ရေကြီး၊ ရေလျှံမှုဖြစ်ပွားခဲ့ပြီးစက်တင်ဘာလ ၁၃ ရက်နေ့မှာ ရေများပြန်လည်ကျဆင်းသွားသည့်အတွက် ကလောချောင်းရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲတွင်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုဂုဏ်ပြု
Sep 30,2024
၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲတွင်ဆုရ ကျောင်းသား၊ ကျောင်းသူများအားကြိုဆိုခြင်းနှင့် မြို့နယ်အားကစားခန်းမတွင်၌ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးတွင် ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း
Sep 30,2024
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်မှာကြားချက်များအား မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးက ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂၈ ရက်နေ့က အဆိုပါရုံးရှိ ပါမောက္ခဦးလှအောင်ခန်းမ၌ ကျင်းပရာ ရှင်းလင်းပွဲသို့ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဥပဒေရုံးများရှိ ဥပဒေအရာရှိများ တက်ရောက်သည်။