မြစ်သားမြို့နယ် ကူမဲမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်

မြစ်သား ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့အတွင်း ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍  မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြစ်သားမြို့နယ်၊ ကူမဲမြို့အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်ကြီးများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြစ်သားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ကူမဲမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်မင်းကျော်နှင့် ဝန်ထမ်းများ၊ ကူမဲမြို့စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကဦးဆောင်၍ ကူမဲမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မီးလန့်မှုနှင့် မီးလောင်မှုများမဖြစ်ပွား စေရေး၊ မီးဘေးသတိရှိရေး မီးဘေးကြိုတင်ကာကွယ်ရေး အတွက် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံးများမီးသတ်ဆေးဘူးများအသင့်ထားရှိစေပြီး မီးသတ်ဆေးဘူးများ လေပေါင်ရှိ/မရှိတို့ကိုစစ်ဆေး၍ မီးဘေးလုံခြုံရေးဆိုင်ရာတို့ကို အသိပညာပေးကာ လိုက်လံစစ်ဆေးဆောင်ရွက်ပြီး လိုအပ်သည်များကိုလမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)