တွံတေး ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ဘုရားငုတ္တိုကျေးရွာ ဒလ-တွံတေး ကားလမ်းရှိ ဘုရားငုတ္တိုလမ်းဆုံတွင် ဘေးတွဲမောင်းနှင်သူ/အိုးဝေမောင်းနှင်သူများအားတွေ့ဆုံ၍ ယာဥ်/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါနေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာဟောပြောရာတွင် ယာဥ်ထိန်တပ်ဖွဲ့စု(၅၇)မှ တွံတေးတပ်ဖွဲ့စုမှူး ဒုရဲမှူးပြည်စိုးနှင့် တပ်ဖွဲ့ဝင်များက တွံတေးမြို့နယ် ဘုရားငုတ္တိုကျေးရွာ ဒလ-တွံတေး ကားလမ်းရှိ ဘုရားငုတ္တိုလမ်းဆုံတွင် ဘေးတွဲမောင်းနှင်သူ/အိုးဝေမောင်းနှင်သူများအားတွေ့ဆုံ၍ ယာဥ်/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဘေးတွဲယာဥ်များ ဘုရားငုတ္တိုလမ်းဆုံမှကျော်ပြီး ဒလ/လှိုင်သာယာမြို့နယ်များသို့ သွားလာမောင်းနှင်မှု မရှိစေရေးနှင့်ဘေးတွဲမောင်းနှင်သူအချင်းချင်း massage ပေးကြရန် ပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မျိုးလှိုင်(တွံတေး)