သတင်းများ

အမရပူရမြို့နယ်၌ မြို့နယ်သံဃနာယက အဖွဲ့ဝင်များ သက်တမ်းပြည့် အနားယူခြင်းနှင့် အစားထိုးခန့်အပ်ခြင်း အခမ်းအနား ပြုလုပ်
Feb 07,2025
အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ဆင်ဖြူမယ်ကျောင်းတိုက်အတွင်းရှိ ဓမ္မသာလကျောင်းတွင် အမရပူရမြို့နယ် သံဃနာယကအဖွဲ့ဝင်များ သက်တမ်းပြည့် အနားယူခြင်းနှင့် အစား ထိုးပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
Feb 07,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ပါလောင်းကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို အဆိုပါ လမ်းသစ်ပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မောက်မယ်မြို့နယ်၌(၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ
Feb 07,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်နမ့်ယွမ်းဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကွန်ဟိန်းမြို့၌ ကျင်းပ
Feb 07,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့တွင် (၇၈)နှစ်မြောက်  ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၇) နာရီက  အမှတ်(၃)ရပ်ကွက်ရှိ နမ့်ပန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။   
ပြင်ဦးလွင်မြို့နယ် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ ကျင်းပပြုလုပ်
Feb 07,2025
လူငယ်များ ဗဟုသုတရရှိစေရန်နှင့် နေ့ထူးနေ့မြတ်များကို အစဉ်သတိရစေရန်ရည်ရွယ်၍ ပြင်ဦးလွင်မြို့နယ် အမှတ်(၃)‌အခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Feb 07,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက  ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများထံ အခမဲ့ငှားရမ်းပေးခဲ့ကြသည်။
မြဝတီခရိုင်၌  မြို့နယ်အဆင့်  ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည် ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ
Feb 07,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ  အခမ်းအနားကို ယမန်နေ့က အမှတ်(၄)ရပ်ကွက်၊  မြစန္ဒီ ပန်းခြံဝန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကလောမြို့၌ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ကျရောက်သည့်(၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ
Feb 07,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ က‌လောမြို့တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကလောမြို့၊ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။