မြဝတီခရိုင်၌  မြို့နယ်အဆင့်  ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည် ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

 မြဝတီ ဖေဖော်ဝါရီ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အဆင့် ၂၀၂-၂၀၂ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ  အခမ်းအနားကို ယမန်နေ့က အမှတ်()ရပ်ကွက်၊  မြစန္ဒီ ပန်းခြံဝန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားကို မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အ.ထ.က() ကျောင်းသား၊ကျောင်းသူများကစုံညီပွဲတော်တို့နွှဲပျော်တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပေးသည်။

ဆက်လက်၍ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချူပ်ရေးမှူး ဦးကောင်းစံလင်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း အဓိကရည်ရွယ်ချက်၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုသည်ပညာရေးကဏ္ဍမှစ၍ အခြေခံကြောင်းနှင့် ဘက်စုံပညာရေးစနစ်ကို မြှင့်တင်ဖော်ဆောင်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် အားထားရသည့် လူ့စွမ်းအားအရင်းအမြစ်များစွာ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း  အဖွင့်အမှာစကား ပြောကြားပေးပြီး မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပေးသည်။

ထို့နောက် နိုင်ငံတော်ဗဟိုအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသူ အ.ထ.က() မှ Grade-9 ကျောင်းသူ မဆောင်းနှင်းရွှေစင်က စွမ်းရည်ပြသခြင်းနှင့် ပညာရေးစေတနာရှင်များအား   အလှူရှင်ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ခြင်းများ ဆောင်ရွက်ပြီး  ၂၀၂၄-၂၀၂၅   ပညာသင်နှစ်  ဘက်စုံပညာရည် ထူးချွန်ဆု ရရှိသူများအား မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချူပ်ရေးမှူး ဦးကောင်းစံလင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ အမှတ်(၂၇၅) ခြေလျင်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဟံဦး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၊ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦး၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ အရပ်ဖက်မိတ်ဖက်အဖွဲ့စည်းမှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆုများချီးမြှင့်ပေးကာ ကျောင်းသား၊ကျောင်းသူများ၏ အနုပညာစွမ်းရည်များ ဖျော်ဖြေတင်ဆက်ခြင်းနှင့် အ.ထ.က ၃ ကျောင်းသား၊ ကျောင်းသူများ၏ ဇာတိမာန်” တေးသီချင်း ဖျော်ဖြေတင်ဆက်မှုတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)