ပြင်ဦးလွင်မြို့နယ် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ ကျင်းပပြုလုပ်

ပြင်ဦးလွင် ဖေဖော်ဝါရီ ၇

လူငယ်များ ဗဟုသုတရရှိစေရန်နှင့် နေ့ထူးနေ့မြတ်များကို အစဉ်သတိရစေရန်ရည်ရွယ်၍ ပြင်ဦးလွင်မြို့နယ် အမှတ်(၃)‌အခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သတ်၍လည်းကောင်း၊ စာရေးဆရာကိုရွှေအောင်သင်းက လွတ်လပ်ရေးအတွက် ကြိုးပမ်း‌ဆောင်ရွက်ခဲ့ကြသော လွတ်လပ်ရေးခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် ဗဟုသုတဖြစ်ဖွယ် သမိုင်းကြောင်းများကို ကျောင်းသား/ကျောင်းသူများ ဗဟုသုတရရှိစေရန် ဟောပြောဆွေးနွေးခဲ့သည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

သွေးသွေး(ပြန်/ဆက်)