သတင်းများ

မောက်မယ်မြို့နယ်၌ ဝါကျွတ်ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲ ကျင်းပ
Oct 19,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ကကြီးမှူး၍ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါကျွတ်ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲကို ယမန်နေ့နံနက် ၇ နာရီက နန်းဖတ်ခုမ်စေတီတော်ကျောင်းမှ ပရိယတ္တိပါဒကကျောင်းကြီးစာသင်တိုက်အထိ ဗိုလ်ချုပ်အောင်ဆန်း လမ်းမတစ်လျှောက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်
Oct 19,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က မြသလွန်စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွန့်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာရှင် အလှူရှင်များ၊ ဘုရားဖူးပြည်သူများ တက်ရောက်ခဲ့ကြသည်။
(၁၁၇) ကြိမ်မြောက် ကွမ်းခြံကုန်းမြို့နယ် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားများ လှည့်လည်ပူဇော်ခံပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Oct 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့မရပ်ကွက်တွင် (၁၁၇) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားများလှည့်လည် ပူဇော်ခံပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Oct 19,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ သီတင်းကျွတ်လပြည့်နေ့မှစ၍ တစ်နှစ်ပတ်လုံးတွင် ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် တစ်မြို့နယ်လျှင် (၅) ရက်ဖြင့် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းကို အလှည့်ကျ ပြုလုပ်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းအချိန်ကလည်း ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် ဒဂုံလွင်လမ်းနှင့်သမာဓိလမ်းထောင့်ရှိ မေတ္တာပုညကာရီဓမ္မာရုံကြီး၌ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းအုပ်စု၊ ဂုဏ်မင်းအင်းကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား
Oct 19,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းအုပ်စု၊ ဂုဏ်မင်းအင်းကျေးရွာတွင် ယမန်နေ့ည ၇ နာရီအချိန်ခန့်က နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ပေါင်မြို့နယ်၌ တိုင်ထောင်ပဲတောင့်ရှည်များ စျေးကောင်းရရှိ၍ စီးပွားဖြစ်စိုက်ပျိုးလာ
Oct 19,2024
မွန်ပြည်နယ် ပေါင်မြို့နယ်အနီး ဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် တိုင်ထောင်ပဲတောင့်ရှည်စိုက် တောင်သူများ စျေးကောင်းရရှိသဖြင့် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
နမ့်စန်တွင် (၅၈) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲ ကျင်းပ
Oct 19,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၅၈) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲကြီးကို ယမန်နေ့နေ့လည် ၁ နာရီ က အမှတ် (၄) ရပ်ကွက် မြို့မအခြေခံပညာအထက်တန်းကျောင်းရှေ့မှတဆင့် မြို့တွင်းပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
မြစ်သားမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုပစ္စည်းများ ထည့်သွင်းပေးအပ်ခြင်းနှင့်ကွင်းသရုပ်ပြပွဲ ကျင်းပ
Oct 19,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသော ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုပစ္စည်းများ ထည့်သွင်းပေးအပ်ခြင်းနှင့် ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက သီလင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၅၅)ဦးပိုင်   အမှတ် (၄၆) တောင်သူ ဦးအောင်ကျော်စိုးစံ၏ စပါးကွင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။