သတင်းများ

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကား
Oct 20,2024
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ပွင့်လင်းခရီးသွားရာသီတွင် ပုဂံခေတ်မှ ပင်းယခေတ်အတွင်း အနုပညာလက်ရာများ တစ်စုတစ်ဝေးတည်း လေ့လာနိုင်သည့် ရွှေဂူကြီးစေတီတော်ကြီးသို့ ဘုရားဖူးပြည်သူများ လာရောက်လေ့လာနိုင်
Oct 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ အနော်ရထာမင်းကြီးလက်ထက်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန်၊ ဘုရား၊ ပုထိုးစေတီများကို နေရာအနှံအပြားတွင် တည်ဆောက်ခဲ့ပြီး သာသနာတော်တည်တံ့ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ပွင့်လင်းခရီးသွားရာသီတွင် ပုဂံခေတ် အေဒီ ၁၁ ရာစုမှ ပင်းယခေတ် အေဒီ ၁၄ ရာစုအတွင်း အနုပညာလက်ရာများ တစ်စုတစ်ဝေးတည်းနှင့် အပြည့်စုံဆုံးစုဝေးတည်ရှိသည့် ရွှေဂူကြီး စေတီတော်ကြီးသို့ ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများ လာရောက်လေ့လာနိုင်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ဒွေးလှကျေးရွာတွင် ရေဆင်းစပ်မျိုး (၁) မိုးနှောင်းနေကြာ စံကွက်စိုက်ပျိုးရန် မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Oct 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဒွေးလှကျေးရွာသမဝါယမအသင်းသား ဦးနေဝင်း၏ ကွင်းအမှတ် (၃၃၇)၊ ဦးပိုင် (၁၄၅)၊ ယာမြေ (၂) ဧကတွင် ရေဆင်းစပ်မျိုး (၁) မိုးနှောင်းနေကြာစံကွက် စိုက်ပျိုးရန် မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရား၏ (၁၃၅) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းသပိတ်လောင်လှူပွဲနှင့် ရေစက်ချပွဲကျင်းပ
Oct 20,2024
မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား၏ (၁၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းသပိတ်လောင်လှူပွဲနှင့် ရေစက်ချပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ အဆိုပါဘုရားရင်ပြင်တော်တွင် ကျင်းပပြုလုပ်သည်။
ကျေက်တံတားမြို့နယ်၌ သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲနှင့် နှစ်ပတ်လည်အစည်းအဝေး ပြုလုပ်
Oct 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် စာရေးဆရာများအသင်းက ကြီးမှူးကျင်းပသည့် သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲနှင့် နှစ်ပတ်လည်အစည်းအဝေးကို ဗိုလ်အောင်ကျော်လမ်း၊ ဓမ္မာရုံ၌ ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဇလွန်မြို့နယ်နှင့် ဟင်္သာတမြို့နယ်အတွင်း၌ မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေး
Oct 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်နှင့် ဟင်္သာတမြို့နယ်အတွင်း၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
လဲချားမြို့တွင် သံဃာအပါး (၁၃၀၀) ကျော်အား မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Oct 20,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၃) ရက်၊ ယနေ့နံနက်(၆) နာရီခွဲအချိန်တွင် လဲချားမြို့ မဟာမြတ်မုနိဘုရားကြီးရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
ကြံခင်းမြို့နယ် ကမ္ဘာလုံးကျောင်းတိုက်အတွင်း (၂၆) ကြိမ်မြောက်၊ စတုဒိတာကျွေးမွေးလှူဒါန်းခြင်းနှင့် မြန်မာ့ရိုးရာခြင်းလုံး အလှခတ်ဖျော်ဖြေပွဲ ကျင်းပ
Oct 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကမ္ဘာလုံးရိပ်သာကျောင်းတိုက်ဆရာတော် သာသနာဓဇဓမ္မာစရိယ၊ အသောကာရာမိကသာသနပါလဓမ္မာစရိယ အရှင်တေဇာနန္ဒ ဦးစီးကျင်းပသော (၂၆) ကြိမ်မြောက်၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းနှင့် မြန်မာ့ရိုးရာခြင်းအလှခတ်ဖျော်ဖြေပွဲကို ယမန်နေ့ညနေပိုင်းက အဆိုပါကျောင်းတိုက်အတွင်း ကျင်းပခဲ့သည်။