ကလောမြို့၌ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ကျရောက်သည့်(၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ

ကလော ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ က‌လောမြို့တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကလောမြို့၊ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်‌ရောက်လာကြသည့် ကလောခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက နိုင်ငံတော်အလံကိုအလေးပြုခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်မှ(၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့လာသည့် သဝဏ်လွှာအား ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)၊ ဒုတိယဗိုလ်မှူးကြီး မင်းစစ်နိုင်က ဖတ်ကြားခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်မှ(၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ပေးပို့လာသည့် သဝဏ်လွှာအား ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ ဒုတိယ ရဲမှူးကြီး ခင်နိုင်က ဖတ်ကြားခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)