မိုင်းကိုင် ဩဂုတ် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ပြည်သူဗဟိုပြု အများပြည်သူဝန်ဆောင်မှု လုပ်ငန်းများ၊ ရုံးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရေးအတွက် ယမန်နေ့ က လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဒေါ်နန်းဦးခမ်းသည် မိုင်းကိုင်မြို့နယ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းကွင်းဆင်း ကြီးကြပ်မှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါဌာနလုပ်ငန်း ကွင်းဆင်းကြီးကြပ်မှုတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၏ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများ၊ Mini Museum ပြတိုက်ငယ် ခင်းကျင်းပြသထားရှိမှု၊ ပြည်သူဗဟိုပြု အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်မှု၊ ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်များနှင့်အညီ ပြန်ကြား ပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန် လုပ်ငန်းများ ဆောင်ရွက်နိုင်မှုတို့ကို စစ်ဆေး ကြီးကြပ်မှုများ ဆောင်ရွက်ပြီးနောက် ဝန်ထမ်းများ၏ အခက်အခဲများအား ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှု အားနည်းချက်အားသာချက် များအား တည့်မတ်ပေးခြင်း၊ ရှေ့ဆက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အောင်မြင်မှုရှိစေရေး လမ်းညွှန်မှာကြားခြင်းများကို ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)