တီးတိန်မြို့နယ်၌ ရေဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ထောက်ပံ့ငွေများပေးအပ်

တီးတိန် သြဂုတ် ၂၈

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ သြဂုတ်လ(၂၄)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုဘေးသင့် အိမ်ထောင်စု(၁)စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တီးတိန်မြို့နယ် ဦးစီးမှူး ဦးဇော်လင်းထွေးက ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာရုံး၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထိုသို့ ပေးအပ်ရာတွင် မြေပြိုဘေးသင့်များဖြစ်သည့် ဘဲကန့်ကျေးရွာမှ ဦးကျင့်လမ်ဗိုင် မိသားစုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့်(၇)ရက်စာ ဆန်ရိက္ခာဖိုးအတွက်  ငွေကျပ် ၁၀၄၂၀ဝိ/-ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)