မိုင်းယောင်း ဩဂုတ် ၂၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းလောင်မှိုင်းနှင့် ဝန်ထမ်းများသည် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်း၊ လုပ်ငန်းရွေးချယ်ခြင်းများကို ယမန်နေ့က ဟွေထမ် ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် နမ့်တောင်ကျေးရွာ၌ Cash For Work (CFW) စီမံကိန်းရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကျေးရွာကော်မတီဝင်များနှင့်အတူ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊ အရှည် ၁၃၀၀ ပေ၊ အကျယ် ၁၂ ပေနှင့် ထု ၆ လက်မရှိသော အဆိုပါလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် Village Development Plan (VDP) ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးပြီး ကျေးရွာသူ/သားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးစိုင်းလောင်မှိုင်း က ပြောသည်။
ကျေးလက်ရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး အထောက်အကူဖြစ်စေမည့် Cash For Work (CFW) စီမံကိန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလ အလုပ်အကိုင်နည်းပါးသော ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင်လည်းရ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းလည်း ပြီးမြောက်စေကာ အလုပ်အကိုင် အခွင့်အလမ်း၊ လုပ်အားနှင့် ဝင်ငွေရရှိစေကြောင်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
စိုင်းအောင်ဇော်လင်း