ရေနံချောင်း ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေးအတွက် မြို့မဈေးကြီးတွင် ဈေးရောင်းဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာသူများအား Mask တပ်ဆင်သွားလာစေရန် Mask campaign ပြုလုပ်ခြင်း ကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လူငယ် ရေးရာကော်မတီ အဖွဲ့ဝင်များက နှာခေါင်းစည်း မတပ်ဆင်သူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း လိုအပ်သူများအား နှာခေါင်းစည်းများ ဝေငှပေးခြင်း၊ အပြင်ထွက်သည့်အခါ စျေးရောင်း စျေးဝယ် ပြုလုပ်သည့် အခါတိုင်း နှာခေါင်း စည်းတပ်ဆင်ကြရန်၊ လူစုလူဝေးနေရာများကို မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန် Hand Speaker နှင့် အသိ ပညာပေး ကြေညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး