ပင်လုံ ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က (IDP)ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နတလကျောင်း (ပင်လုံ)၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)မှ ကျောင်းအုပ်ဆရာကြီး ဦးဟာလိန်းမောင်ကဟောပြောပွဲကျင်းပ ရခြင်းရည်ရွယ်ချက်နှင့် (lDP)ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကိုဟောပြောခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ဆိုရှယ်မီဒီယာများပေါ်တွင် သတင်းတု၊ သတင်းမှားများကို ကွဲကွဲခြားခြားသိနားလည်စေရန်၊ ခွဲခြားဆန်းစစ်နိုင်စေရန်၊ သတင်းတု၊ သတင်းမှားများ လွှင့်တင်ခြင်း၊ မြန်မာ့ရိုးရာ ယဥ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသည့် မဖွယ်မရာမှတ်တမ်းပုံများ၊ ဗီဒီယိုများအားဖြန့်ဝေခြင်း အခကြေးငွေဖြင့် ရောင်းချခြင်းများ၊ အွန်လိုင်းလောင်းကစားကြော်ငြာများ လက်ခံကြော်ငြာပေးခြင်းများကို တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်းနှင့် မြင်မြင်သမျှသတင်းများအား သတင်းတု၊ သတင်းမှား၊ အမုန်းစကားတို့ ပါဝင်နေခြင်း ရှိ/မရှိ ဆင်ခြင်ရှောင်ရှားနိုင်ရန် လူငယ်များအနေဖြင့် စာပေအသိပညာ အတတ်ပညာဝမ်းစာများ ပြည့်ဝနေရန်လိုအပ်ကြောင်းနှင့် စာအုပ်စာပေများ ဖတ်မှတ်လေ့လာမှတ်သားပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူလေ့ကျင့်ကြရန် စသည့်ဖြင့် အသိပညာပေးများကို ဟောပြောခဲ့ပြီး တက်ရောက်ကြသည့် ကျောင်းသား/ ကျောင်းသူလေးများက စိတ်ဝင်တစား နားထောင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)