မက်မန်း ဇန်နဝါရီ ၇
ရှမ်းပြည်နယ်၊ “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ်တွင် မြစိမ်းရောင်(အသားငါးကဏ္ဍ) မွေးမြူရေးကျေးရွာထူထောင်ရန်အတွက် ဒုတိယအကြိမ် အရင်းမပျောက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်လင်းအောင်က အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာမြင့်မွန်က မြစိမ်းရောင်(အသားငါးကဏ္ဍ) အရင်းမပျောက်ရန်ပုံငွေနှင့်ပတ်သက်သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ကျေးလက်ဒေသဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မင်းထွန်းက အရင်းမပျောက်ရန်ပုံငွေနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြစိမ်းရောင်(အသားငါးကဏ္ဍ) အရင်းမပျောက်ရန်ပုံငွေ သိန်း ၃၃၀ ကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များက ငှက်ယောင်းအုပ်စု ဝမ်ဟွေကျေးရွာ ရန်ပုံငွေကြီးကြပ်မှုကော်မတီများထံ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရှိရပါသည်။
အေဇက်ထွန်း(မက်မန်း)