လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မင်းကုန်း)တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစီစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

လှည်းကူး ဖေဖော်ဝါရီ ၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစီစစ်ရေးကတ်များ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(မင်းကုန်း)၌ ကျောင်းသား၊ ကျောင်းသူများအား ကွင်းဆင်းဆောင်ရွက်ပေးသည်။

အဆိုပါ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစီစစ်ရေးကတ်များ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူးဦးမျိုးသန့်နှင့် ဝန်ထမ်းများက နိုင်ငံသားကတ်မရှိသေးသည့် ကျောင်းသား၊ ကျောင်းသူ(၄၇)ဦးတို့အား နိုင်ငံသားစီစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)