ပင်လောင်း ဩဂုတ် ၃၀
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် သက်ဆိုင်ရာ လွှတ်တော်များသို့ ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်းများ ကပ်ထားကြေညာနိုင်ရေး အစည်းအဝေးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေး ခန်းမ ၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းထက်အောင်က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်း ကြေညာချက်ပုံစံ(၁၀)များ ကပ်ထားကြေညာ နိုင်ရေးနှင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသာ မဲဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲပေးလိုကြောင်း ပုံစံ(၁၅)ဖြင့် လျှောက်ထားလာမှုများကို စိစစ်၍ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် မဲစာရင်းတွင် ထည့်သွင်းပေးနိုင်ရေး ဆောင်ရွက်ကြဖို့ လိုအပ် ကြောင်း၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်သိန်းရွှေ က ဒုတိယ အကြိမ်တွင် ကပ်ထားကြေညာမည့် မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေး ကွင်းဆင်း၍ အလေးထား ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများက သိရှိ လိုသည် များကို မေးမြန်းခဲ့ကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်