ကျိုက်မ​ရော၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်​စေ​ရေး​ ကျေးရွာအ​ရောက် ကွင်းဆင်း တိုက်ဆိုင်စစ်​ဆေး

ကျိုက်မ​​ရော သြဂုတ်  ၃၁

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်​ ​နေ့တွင်ကျင်းပမည့်ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး ​ကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရက်ကွက်/​ကျေးရွာများရှိမဲရုံများတွင် ထုတ်ပြန်ထားပြီးဖြစ်ရာ မဲဆန္ဒရှင် ပြည်သူများ မဲ​ပေးခွင့်ရရှိနိုင်​ရေးအတွက် ဌာနဆိုင်ရာအဖွဲ့များ၊​ ကျေးရွာ​ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင် အဖွဲ့ခွဲဝင်များပူး​ပေါင်း၍ သိမ်ဖြူကုန်း​ကျေးရွာ၊ ကြက်သွန်ကုန်း​ကျေးရွာ၊ လှည်းတန်း​ကျေးရွာအုပ်စုများရှိ အိမ်​​​ထောင်စုများသို့ မဲစာရင်းများ မှန်ကန်မှုရှိ​စေရေးအတွက် ယမန်​နေ့​ နေ့လယ်၁နာရီက တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်​ဆေး ခဲ့ကြသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်​ဆေးရာတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်​စေ​ရေးအတွက်​ကျေးရွာ​ရွေး​ကောက်ပွဲ​​ ​​ကော်မရှင်ဥက္ကဋ္ဌဦးစန်းဝင်းနှင့် အဖွဲ့ခွဲဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်​ရေးမှူးများနှင့် ပြည်သူများ ပူး​ပေါင်း၍ မဲစာရင်းနှင့် အိမ်​ထောင်စု စာရင်းမှန်ကန်မှုရှိ/မရှိ၊ အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲ​ပေးပိုင်ခွင့်မ​ဆုံးရှုံး​စေ​ရေး၊ မဲစာရင်ပါ အချက်အလက်များ မှန်ကန်မှုရှိ​စေ​ရေးတို့ကို တစ်အိမ်တက်ဆင်း လိုက်လံ စစ်​ဆေးခဲ့ကြ​ကြောင်း သိရသည်။

ချိုချို(ပြန်/ဆက်)