မိုင်းဖြတ်မြို့၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ထုတ်ပြန်ကြေညာ

မိုင်းဖြတ်   သြဂုတ်   ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယမန်နေ့ နံနက် ၉နာရီအချိန်က မိုင်းဖြတ် မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို ထုတ်ပြန် ကြေညာခဲ့သည်။

ထိုသို့ ထုတ်ပြန်ကြေညာရာတွင် အများပြည်သူများသိရှိနိုင်စေရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ကြော်ငြာသင်ပုန်း၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ မြေစိုက်ပြဘုတ်၊ သက်ဆိုင်ရာရပ်ကွက် သုံးရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၄)အုပ်စုရှိ အုပ်ချုပ်ရေးမှူး ရုံးများ၌ ထုတ်ပြန်ကြေညာ ထားပြီဖြစ်ကြောင်း မြိုနယ်ရွေးကောက်ပွဲကော်မရှင်ရုံး မှ ဦးစီးအရာရှိ ဦးအောင်မြတ်မိုးထံမှ သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)