ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ (၁၇)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်း ပို့ဆောင်

ချင်းရွှေဟော်    ဩဂုတ်    ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ က ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၂၉ ရက်နေ့ ညနေ (၆)နာရီအချိန် က (၁၅)ဦးနှင့် ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က (၂)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၇)ဦးအား ထပ်မံ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထပ်မံ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ (၁၇)ဦးမှာ  အမျိုးသား(၄)ဦး၊  အမျိုးသမီး(၁၃)ဦး တို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှ (၂)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှ (၃)ဦး၊ ဟိုပန်မြို့နယ်မှ (၁)ဦးနှင့် လောက်ကိုင်မြို့နယ်မှ (၁၁)ဦး တို့ဖြစ်သည်။

ထိုသို့  ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေ:လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား   စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေး လျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့ မှ ယနေ့အထိ အမျိုးသား(၈၁၈၁)ဦးနှင့် အမျိုးသမီး(၆၅၇၂)ဦး တို့ ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၇၅၃)ဦး တို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)