အောင်မြေသာစံမြို့နယ်တွင် မွေးစမှ (၁) နှစ်ခွဲထိ ရင်သွေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

မန္တလေး စက်တင်ဘာ ၁

မွေးစမှ(၁)နှစ်ခွဲထိ ရင်သွေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ လမ်း ၂၀၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ် သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက်ကျန်းမာရေးတာဝန်ခံ ဒေါ်အေးမြင့်ရည်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်မိခင်က‌လေးစောင့်ရှောက်ရေးနှင့်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုနှင့် ရာအိမ်မှူးများက စုပေါင်း၍ ရပ်ကွက်အတွင်းရှိ မွေးစမှ အသက် (၁) နှစ်ခွဲရှိ ကလေးငယ် ကျား (၂၈) ဦး၊ မ (၁၉) ဦး၊ ပေါင်း (၄၇) ဦးအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်း၊ ပေါင်ချိန်ပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင် (၂) ဦးအား ကာကွယ်ဆေးထိုးပေးခြင်းတို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြား ချက်နှင့်အညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)