ကရသူရိ စက်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယနေ့နံနက်က ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာခဲ့ရာ ဒေသခံပြည်သူများ စိတ်ဝင်တစားလာရောက်ကြည့်ရှုကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဘုတ်ပြင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၄) ဦး၊ မဲဆန္ဒနယ်မြေ (၂) အတွက် တိုင်းဒေသကြီးအမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၄) ဦး၊ မဲဆန္ဒနယ်မြေ (၂) အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (၅) ဦး၊ ကရင်တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၇) ဦးအား ကပ်ထားကြေညာခဲ့ရာ ဒေသခံပြည်သူများ စိတ်ဝင်တစားလာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
စိုးဝင်း(ပြန်/ဆက်)