ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၃
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ် ခဲ့ကြကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ကို Facility Quarantine Center အဖြစ် စက်တင်ဘာလ(၁)ရက်နေ့မှ စတင်၍ ဆောင်ရွက်ထားရှိပြီး လက်ရှိအချိန်တွင် Quarantine ဝင်နေသူ(၉၈)ဦးထိ ရှိကြောင်းနှင့် မြို့နယ် အတွင်းရှိ စောင့်ကြည့်လူနာများ Quarantine ဝင်နိုင်ရေး အတွက် အ.ထ.က(ထန်းတပင်) စာသင် ကျောင်းအား Community Quarantine Center အဖြစ် ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် များက မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံမှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအစဉ် များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)