ကမ္ဘောဇဖလားအလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကျင်းပပြုလုပ်သည့် ကမ္ဘောဇဖလား အလွတ်တန်းဖိတ်ခေါ်ဘောလုံး ဗိုလ်လုပွဲစဥ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

ကမ္ဘောဇဖလားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဥ်တွင် GLORY FC (ပြင်ဦးလွင်)အသင်းနှင့် YANGON REGION U – 21 အသင်း တို့ ယှဥ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ကမ္ဘောဇဖလားဖိတ်ခေါ်ပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်မှ ဖေဖော်ဝါရီလ (၉)ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်း (၁၂)သင်းမှ ယှဥ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲတွင် GLORY FC (ပြင်ဦးလွင်) အသင်းက YANGON REGION U-21 အသင်းကို ၃ ဂိုး ၀ ဂိုးဖြင့် GLORY FC (ပြင်ဦးလွင်) အသင်းက အနိုင်ရရှိခဲ့သည်။

ထို့နောက် ယနေ့ပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုရရှိသော GLORY FC (ပြင်ဦးလွင်) အသင်းမှ ကျောနံပါတ် - 7 အောင်ကိုကိုစံအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး၊ ဦးကျော်ကျော်ထွန်းမှလည်းကောင်း၊ ဒုတိယဆုရရှိသော YANGON REGION U-21 အသင်းကို ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံမှ တစ်ဦးချင်းဆုတံဆိပ်များအားလည်းကောင်း၊ ငွေသားဆုကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းမှလည်းကောင်း၊ ပထမဆုရရှိသော GLORY FC (ပြင်ဦးလွင်)အသင်းကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင်မှ တစ်ဦးချင်းဆုတံဆိပ်များအားလည်းကောင်း၊ ငွေသားဆုကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်မှလည်းကောင်း၊ တံခွန်စိုက်ဆုဖလားကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

ကျော်ဇင်