လဲချား ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စားပွဲတင်တင်းနစ်(tennis)ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့ပါသည်။
အဆိုပါပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးနန်းတင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုအားပေးခဲ့ကြပြီး စားပွဲတင်တင်းနစ်(tennis)ပြိုင်ပွဲကို အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းဟူ၍ ခွဲခြားထား၍ ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ဆုရအသင်းများအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူးထံမှ သိရှိရသည်။
ခင်ချို(လဲချား)