မိုင်းပန် ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်သည့် ညောင်ပင်သာမြို့ပတ်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို အဆိုပါကွန်ကရစ်လမ်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ လင်းခေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်စုစုလင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဒေသခံပြည်သူများကိုယ်စား အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းစံမောင်မှ ကျေးဇူးတင်စကားပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူ ဌာနဆိုင်ရာအကြီးအကဲများမှ ညောင်ပင်သာမြို့ပတ်လမ်း ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ညောင်ပင်သာမြို့ပတ်လမ်း ကွန်ကရစ်လမ်းသည် အရှည် (၄၅၀) ပေ၊ အကျယ် (၁၀) ပေနှင့် ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ တန်ဖိုးကျပ်သိန်း (၁၅၀)ဖြင့် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်းထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)