မြို့သစ်မြို့နယ်၊ ကိုရံ(တ)ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်

မြို့သစ် ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ကိုရံ(တ)ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့ နေ့လယ် ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့သစ်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်/သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့သစ်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသိကောင်းစရာများ၊ မြို့သစ်မြို့နယ် စာပေချစ်မြတ်နှိုးသူများအဖွဲ့၊ အဖွဲ့ဝင်ဆရာကြီး ဦးတင်မောင်ဝင်းနှင့် ဆရာကြီးဦးမြင့်ကြည်တို့မှ ကလေးသူငယ်နှင့် ကလေးအလုပ်သမားတို့၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးလုပ်သားဖြစ်ရခြင်းအကြောင်းအရင်းများ၊ ကမ္ဘာပေါ်နှင့် မြန်မာနိုင်ငံတွင် ကလေးလုပ်သားပေါင်းမည်မျှရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးလုပ်သားပပျောက်ရေးနှင့်ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းချက်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးများကို ခိုင်းစေခြင်းများအကြောင်း၊ ကလေးလုပ်သားပပျောက်ရန် လုပ်ဆောင်နေမှုများ စသည့်အကြောင်းအရာများကို ကျောင်းသား/သူများအား ရှင်းလင်းပြောပြခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့သစ်မြို့နယ်ရုံးမှ ဝန်ထမ်းများက ကျောင်းသား/သူများအား အသိပညာ​ပေးမှတ်တမ်းဓာတ်ပုံများပါဝင်သည့် နံရံကပ်စာစောင်များ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသခြင်းနှင့် သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ပေးရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။ 

သန်းဝင်းထွန်း (ပြန်/ဆက်)