သတင်းများ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
Feb 10,2025
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်အသင်း တာဝန်ရှိသူတို့မှ ပြိုင်ပွဲကို Color Ball ရိုက်၍ ဖွင့်လှစ်‌ပေးခဲ့ကြသည်။
မိုင်းဖြတ်မြို့နယ်၌ (၇၈)နှစ်​မြောက် ပြည်​ထောင်စု​နေ့အကြို အသိပညာ​​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်စာစာင်များပြသ
Feb 10,2025
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ​(၇၈)နှစ်​မြောက် ပြည်ထောင်စု​နေ့အကြို အသိပညာ​​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲကို ​ယနေ့နံနက် ၁၀ နာရီက အလယ်တန်း​ကျောင်း(ပါဆန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ စက်မှုလယ်ယာဦးစီးဌာနက တောင်သူများ ကောက်စိုက်စက် မျိုးစေ့ချစက်များဖြင့် စနစ်တကျ စိုက်ပျိုးနိုင်ရေး သရုပ်ပြသ
Feb 10,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ တောင်သူများ ကောက်စိုက်စက်၊ အစေ့ချစက်များဖြင့် စိုက်ပျိုးနိုင်ရေး ကွင်းသရုပ်ပြခြင်းကို ယမန်နေ့နံနက် ၉ နာရီက သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၁၂၅ ၌ ကျင်းပ​ပြုလုပ်ခဲ့သည်။
အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု-၉စုမှ အိမ်ထောင်စု(၂၇၂)စုအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ရေဘေးကယ်ဆယ်ရေး အိမ်ထောင်စုသုံးပစ္စည်းများပေးအပ်
Feb 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရေဘေးကယ်ဆယ်ရေး အိမ်ထောင်စုသုံးပစ္စည်းများ ပေးအပ်ပွဲပြုလုပ်ခဲ့သည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဖြင့် မိုင်းလွေကျေးရွာအုပ်၊ နမ့်မုတ်ကျေးရွာ၌ ကုန်ထုတ်လမ်းလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုင်းလွေကျေးရွာအုပ်၊ နမ့်မုတ်ကျေးရွာ၌ ကုန်ထုတ်လမ်းသစ်အား ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများက အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်
Feb 10,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
မိုင်းစံမြို့ ဝမ်လီ(မူလွန်)ကျောင်း၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Feb 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ဝမ်လီ(မူလွန်)ကျောင်းတွင် ယနေ့နံနက်(၁၀) နာရီခွဲအချိန်က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့သည်။
(၇၈)နှစ်မြောက် ပြည်‌‌ထောင်စု‌နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထီကထွေးတိုးချဲ့ရေပေးရေးလုပ်ငန်းနှင့် ရွှေပြည်သာလမ်းဖွင့်ပွဲ ကျင်းပ
Feb 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထီကထွေးတိုးချဲ့ရေပေးရေးလုပ်ငန်းနှင့် ရွှေပြည်သာလမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲက ပြည်သာယာလမ်းမပေါ်ရှိ ဗထူးခန်းမရှေ့နှင့် ရွှေပြည်သာလမ်းထိပ်တို့၌ ကျင်းပခဲ့သည်။